3rd SNU Meeting Minutes by Sagaing Region SNU (20191211)

2020-01
Category : Other Documents

စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) ၏ တတိယအကြိမ်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ချင်းတွင်းရိပ်သာ (၂) တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍဘက်မှ တင်ပြဆွေးနွေးခဲ့သည့် ဆုံးဖြတ်ချက်များအား အကောင်အထည်မဖော်သေးသည်များကို ဆွေးနွေးတင်ပြ၍ သဘောထားရယူခြင်း၊ ပုဂ္ဂလိက ကဏ္ဍဘက်မှ SNU သို့ တင်ပြဆွေးနွေးမည့်အစီအစဉ်များအား ဆွေးနွေးတင်ပြခြင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့သည်။

အစည်းအဝေးမှတ်တမ်းအသေးစိတ်အား ပူးတွဲ တွင် ဖော်ပြထားသည်။